About CURI

CURI ဆိုတာ ဘာလဲ?

စာအုပ်အနှစ်ချုပ်များ၊ လက်တွေ့သင်တန်းများနဲ့ digital tools များဖြင့် သင့်ဘဝကို နေ့စဉ်တိုးတက်စေဖို့ ဖန်တီးထားတ သင်ကြားမှုပလက်ဖောင်းတစ်ခုပါ။

စိတ်ဝင်စားမှုကစပြီး → နားလည်မှုနဲ့ → လက်တွေ့အသုံးချနိုင်မှုအထိ ချိတ်ဆက်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။

CURI ဆိုတဲ့နာမည်ရဲ့ အဓိပ္ပါယ်

C - Curiosity

စူးစမ်းလိုစိတ်

U - Understanding

နားလည်သဘောပေါက်ခြင်း

R - Resourcefulness

အရင်းအမြစ်ကြွယ်ဝခြင်း

I - Impact

အကျိုးသက်ရောက်မှု

CURI ဆိုတာ နာမည်တစ်ခုမကဘဲ — သင်ယူသူတစ်ဦးရဲ့ စိတ်ဓာတ်ကိုဖော်ပြနေတဲ့ အမည်ဖြစ်ပါတယ်။

🎯 ကျွန်ုပ်တို့ရဲ့ ရည်ရွယ်ချက်

သင်ခန်းစာတွေကိုရှာဖို့အချိန်မကုန်စေချင်ဘူး။ အကြောင်းအရာနဲ့ သင်ကြားမှုက တကယ်လက်တွေ့ အသုံးဝင်ဖို့လိုပါတယ်။ ဒါကြောင့်ပဲ CURI ဟာ...

မြန်မာလို နားလည်နိုင်တဲ့စာအုပ်အနှစ်ချုပ်များ

နည်းလမ်းပြသက်သက်မဟုတ်ဘဲ Street Smart တစ်ယောက်ဖြစ်စေဖို့ လက်တွေ့အသုံးချနိုင်တဲ့ သင်တန်းများ

သင်ယူမှုအပေါ် စိတ်ဝင်စားစေတဲ့ gamification system
...တွေဖြင့် စိတ်ဝင်စားသူတိုင်းအတွက်ဖန်တီးထားတာပါ။

လူတိုင်းအတွက် လက်လှမ်းမီတဲ့ သင်ကြားမှု tools

CURI မှ ပေးသော ဝန်ဆောင်မှုများ

Core Services

စာအုပ်အနှစ်ချုပ်များ (Core)

  • ကမ္ဘာတစ်ဝှမ်းက အကျိုးရှိတဲ့ စာအုပ်များကို စနစ်တကျရှင်းလင်းထားတဲ့
  • Audio သို့ Video + PDF အနှစ်ချုပ်များ
  • နေ့စဉ်နားထောင်လို့ရတဲ့ Format
Courses

အကျုံးဝင်သော သင်တန်းများ

  • Notion, Design, Video Editing, Body Transformation, Productivity Class.
  • မြန်မာ context ကို မှီခိုသော Practical Content
Gamified Learning System

Gamified Learning System

  • Daily Streaks
  • နေ့စဉ် Positive Reminder စာများ
Core Services

Digital Tools

  • 12-Week Year Planner
  • အစကောင်းမှ အနှောင်းသေချာ Planner

💡 Founder Story - ဆုဖုန်းမို (Su Phone Mo)

"တစ်ချိန်က ပညာရေးကို ဝန်လေးနေတာက... ယနေ့မှာတော့ ပညာနဲ့ လူတွေကို ချိတ်ဆက်ပေးတဲ့ စီးပွားရေးတစ်ခုဖန်တီးနေပါတယ်။"

Founder Image

မင်္ဂလာပါ၊ ဆုဖုန်းမို ပါ။ CURI ကို တည်ထောင်သူတစ်ဦးအနေနဲ့ ဒီအကြောင်းအရာကို မျှဝေပေးချင်ပါတယ်။

ငယ်ငယ်ကတည်းက ပညာရေးကို ဝေးဝေးကနေလေ့လာဖူးတာပါ။ စိတ်မပါလို့၊ စနစ်မရှိလို့၊ အကျိုးမထင်လို့ပဲဖြစ်တယ်ထင်ပါတယ်။ ဒါပေမဲ့ ၂၀၂၂ ရဲ့နောက်ပိုင်းမှာ ဘ၀အချိုးအကွေ့ တွေ နဲ့ "ဘာအတွက်ရှေ့ဆက်မလဲ?" ဆိုတဲ့ မေးခွန်းနဲ့ စိတ်ရဲ့တစ်နေရာမှာ ပိတ်နေတဲ့အချိန်မှာပဲ — စာအုပ်တွေက ဆု့ကို အသက်ပြန်ဝင်စေခဲ့တယ်။

စာအုပ်တွေကနေတစ်ဆင့် ဘဝပြောင်းလဲ

what learn 1
what learn 2
what learn 3
what learn 4

အဲ့ဒီအတွေ့အကြုံက ဆု့ကို ပညာရေးအပေါ် ခံယူချက်တစ်ခုလုံး ပြောင်းလိုက်ပါတယ်။ အမှန်တရားကတော့ — ပညာရေးက ကြောက်စရာ မဟုတ်ပါဘူး။ စိတ်လှုပ်ရှားစရာ ခရီးတစ်ခုပါ။

🤝 ဘာကြောင့် CURI ကို တည်ထောင်ခဲ့သလဲ?

တကယ်တမ်းတော့ ဆု့က The Mix by Su နဲ့ The Mix Essential စီးပွားရေးတွေနဲ့ အလုပ်အတူလုပ်နေတဲ့ ဝန်ထမ်းတွေရဲ့ စွမ်းရည်တိုးတက်ဖို့အတွက် ပုဂ္ဂိုလ်ရေးသင်ကြားမှုတွေ၊ ဗဟုသုတမျှဝေမှုတွေ ပြုလုပ်ရပါတယ်။ အဖွဲ့ထဲမှာ ဝင်လာတဲ့ အသစ်တစ်ဦးစီအတွက် သင်ကြားဖို့ဆိုတာ မလွယ်ပါဘူး။ စနစ်တခုတည်ဆောက်ထားဖို့လိုအပ်ပါတယ်။

ဒီအတွေ့အကြုံကပဲ ဆု့ကို "Public အတွက်လည်း အသုံးဝင်မယ့် Learning Platform တစ်ခု" ဆိုတဲ့စိတ်ကူး နဲ့ အခုလို စတင်ခဲ့တာဖြစ်ပါတယ်။

Why curi is founded

✨ CURI ရဲ့ ရည်ရွယ်ချက်

CURI ဟာ စီးပွားရေးသမားတွေအတွက်သာမက — အလုပ်ရှာနေသူများ၊ ကိုယ်ပိုင်လုပ်ငန်းစတင်ချင်သူများ၊ ဖန်တီးတတ်တဲ့ ငယ်ရွယ်သူများအတွက်လည်း ဖြစ်ပါတယ်။

"သင်ကြားမှုက ပျင်းစရာမဟုတ်ဘူး။ လုပ်ငန်းအတွက် အသုံးဝင်တဲ့ သင်ကြားမှုက တကယ်လိုအပ်တယ်ဆိုတာကို သက်သေပြချင်တာပါ။"

နောက်လာမယ့် ၅ နှစ်အတွင်း CURI သည် — ကျွမ်းကျင်တဲ့ Freelancer များ နဲ့ လုပ်ငန်းအတွက် အသင့်ဖြစ်နေတဲ့ ဝန်ထမ်းများ ကို တကယ်ထိုက်တန်တဲ့ အလုပ်ခွင်များ နဲ့ ငွေကြေးအခွင့်အလမ်းများ ဆက်သွယ်ပေးနိုင်တဲ့ မြန်မာနိုင်ငံအတွက် Learning-Work Ecosystem တစ်ခု ဖြစ်လာစေဖို့ ရည်ရွယ်ပါတယ်။

CURI ကိုဖန်တီးခဲ့တဲ့အကြောင်းအရာက လူတိုင်းအတွက် မဟုတ်နိုင်ပေမဲ့ — "ပညာကနေဘဝပြန်တက်ချင်သူ" တစ်ဦးအတွက်တော့ အနည်းဆုံး တန်ဖိုးရှိမယ်လို့ ဆု့ယုံကြည်ပါတယ်

ပညာရေးကို ပြန်စူးစမ်းချင်တဲ့သူတိုင်းအတွက် CURI ရှိနေပါပြီ။

— ဆု (Su Phone Mo) Founder, CURI

📲 CURI App ကို ယနေ့တင် Download လုပ်လိုက်ပါ!

အတွေးပြောင်းရင် လုပ်ရပ်ပြောင်းမယ်။ လုပ်ရပ်ပြောင်းရင် ရလဒ်ပြောင်းမယ်။

ရလဒ်ပြောင်းဖို့ အခမဲ့ ပညာဓါန စာအုပ်အနှစ်ချုပ်တွေကနေ စတင်ကြည့်ပါ။

ထိုက်တန်မှ ဝယ်ယူပါ။